ကျွန်တော်တို့ ဒီလိုနဲ့ရေတံခွန်ကနေပြန်လာခဲ့ကြတယ်..လမ်းတစ်လျှောက်လုံးပင်ပင်ပန်းပန်းနဲ့ တောင်ပေါ်ကိုပြန်တတ်ရတာပေါ့..မတတ်လို့လည်းမရဘူးလေ.. အိပ်စရာငှားထားတဲ့တည်းခိုခန်းကလည်း
တောင်ပေါ်မှာပဲရှိတယ်လေ.. ဒီလိုနဲ့ နားလိုက်တတ်လိုက်နဲ့သွားလိုက်တာ တောင်ပေါ်ကိုညနေ၆နာရီလောက်မှရောက်တယ်လေ..
သြော်..လမ်းမှာဘာအခက်အခဲမှမရှိဘူးလို့ထင်လို့လား..
အောင်မလေး..မထင်လိုက်ပါနဲ့.. ကျွန်တော်တို့အဖွဲ့မှာက
အားလုံးနီးပါးကလူငယ် ခြေကျတွေလေ..အဲဒါပေမဲ့
တေဇာ နဲ့ အောင်ပန်း ကသွက်တယ်.. သူတို့နှစ်ယောက်က
စကားလေးတပြောပြောနဲ့တတ်သွားလိုက်တာ
ကျွန်တော်တို့နဲ့ဝေးသွားလိုက်တာ မြင်တောင်မမြင်ရတဲ့အထိကိုဖြစ်သွားတာပဲ... ဒီလိုနဲ့သူတို့ကိုမှီအောင်မြန်မြန်လေးလျှောက်တာပေါ့.. လျှောက်သွားရင်းနဲ့လမ်း ၃ ခွ ကိုတွေ့တယ်..
ကျွန်တော်တို့က အလယ်လမ်းကနေသွားလိုက်တာပေါ့....
ဒီလိုနဲ့ဘယ်လောက်မြန်အောင်လျှောက်လျှောက်
သူတို့ကိုမမှီဘူး.. ဒါနဲ့ ပုံမှန်မဟုတ်ဘူးဆိုတာတော့သဘောပေါက်လိုက်တာပေါ့... ဆက်သွားရင်းနဲ့အရှေ့ဘက်မှာတွေ့ရတဲ့အအေးဆိုင်လေးမှာ
ထိုင်ရင်းနဲ့ပိုင်ရှင်ကိုမေးတာပေါ့..
“အကို..ဒီနားကိုလူငယ်အရွယ်၂ ယောက်ဖြတ်သွားတာတွေ့မိလား”လို့မေးတော့.. သူက၂နာရီအတွင်းဘယ်သူမှမဖြတ်သေးဘူးတဲ့..ဒါနဲ့ပဲစိတ်ပူသွားတာပေါ့.. ချောက်ထဲများကျပြီးသေကုန်ပြီလားလို့..ပိုင်ရှင်ကတော့ပြောပါတယ်... ရသေ့တောင်ကိုဆင်းတဲ့လမ်းကနေမှားဆင်းသွားတာဖြစ်မယ်တဲ့... ကျွန်တော်တို့ကတော့ တွေးတာပေါ့ ဒါဆိုဒီလူ၂ယောက်ည ၈ နာရီလောက်မှရောက်မယ်ထင်တယ်လို့... ဘာလို့လည်းဆိုတော့ရသေ့တောင်ဘက်ကပိုဝေးတာကို... ဒါပေမဲ့ဗျာ ကျွန်တော်တို့တောင်ပေါ်တောင် မရောက်သေးဘူး ရောက်ခါနီးလောက်မှာပေါ့.. သူတို့ ၂ ယောက်က
အဝတ်အစားတွေတောင်လဲထားပြီးပြီ။
သူတို့ကိုမေးကြည့်တော့လမ်းမှားမှန်းသိတာနဲ့အသဲအသန်တတ်တာတဲ့..
နားတောင်မနားဘူးတဲ့..
အဲ့ဒါကြောင့် ကျွန်တော်တို့ထက် ၄၅ မိနစ်လောက်စောပြီးရောက်နေတာတဲ့.. သူတို့ကတောင်ကျွန်တော်တို့
ကိုစိတ်ပူလို့လာစောင့်နေတာတဲ့ဗျား...ဒါတောင်
ရင်ပြင်တော်ပေါ်လိုက်ကြည့်ပြီးမှလာတာတဲ့..
သြော်ကိုယ်တွေကသူတို့ကိုစိတ်ပူရမယ်မှတ်တာ သူတို့ကတောင်ပြန်စိတ်ပူလိုက်သေး.....
တောင်ပေါ်မှာလွဲခဲ့တဲ့အဖြစ်တွေပေါ့.....
0 comments:
Post a Comment