ကျွန်တော် နှင့် ဘိုကျောက်

ဘိုကျောက်ဆိုတာ ကျွန်တော်တို့ ရပ်ကွက်ထဲ ကလူတစ်ယောက်ပါပဲ။
သူက အရက်ကြိုက်တယ်၊ ပြီးတော့ အရက်မူးရင်သွေးဆိုးတယ်။
ရိုင်းတယ်ပေါ့လေ။ သူကကျွန်တော် ဦးလေးရဲ့ ယောက်ဖလည်းတော်တယ်။
အဲ့ဒီတော့ ကျွန်တော်တို့နဲ့လည်းသိတယ်ပေါ့လေ။ ကျွန်တော်တို့ ကအရင်က
ရန်ကုန်ဇာတိမဟုတ်ပါဘူး။ သထုံဆိုတဲ့ မွန်ပြည်နယ်ထဲက မြို့တစ်မြို့ကပါ။
ကျွန်တော် ၅ နှစ်သားလောက်မှာ ရန်ကုန်ကိုပြောင်းလာတာခဲ့တာ။
အဲ့ဒီထဲကစပြီး ကျွန်တော်တို့ နဲ့ ဘိုကျောက်နဲ့စပြီးသိတာပေါ့။
ဘိုကျောက် က အရက်မသောက်ထားရင် အရမ်းခင်မင်ဖို့ကောင်းတယ်။
ပျော်လည်းပျော်တတ်တယ်။ ရယ်ရယ်ပြုံးပြုံးနဲ့ပေါ့။
မူးရင် တော့ တစ်ရပ်ကွက်လုံးကိုပတ်ပြီးဆဲ။
နောက်ရပ်ကွက်ကရဲတိုင် အဖမ်းခံရနဲ့ သံသရာလည်နေတာပေါ့။
သူကတော့ပြောတယ် အပြင်မှာနေရင်ရှာစားရဦးမယ်တဲ့။ ထောင်ထဲမှာ သူတို့ကျွေးတာပဲစားတာကောင်းတယ်တဲ့။ ကျွန်တော်တို့ ငယ်ငယ်ကဆို သူမူးလာရင်
အိမ်ကိုလာပြီး အရက်ဖိုးလာလာတောင်းတယ်။ အမေ့ဆီကပေါ့။ အဖေ့ကစင်ကာပူကို ရောက်နေပြီလေ။
အမေကမပေးဘဲအဆိပ်ပင်ရေမလောင်းဘူးတို့ဘာတို့ပေါ့။ သူကလည်း ပြန်ပြီးဆဲ။
ကျွန်တော်တို့ဆိုကြောက်သလားမမေးနဲ့။ ငယ်သေးတာကိုးနော့။ ဒီလိုနဲ့ တဖြည်းဖြည်းကျွန်တော်
တို့အရွယ်ရောက်လာ သူကအမြဲတမ်းအဲ့ဒီအတိုင်းပဲ။ တစ်ခါကျတော့ သူကအိမ်ကိုလာပြီး တောင်းတယ်။
အမေကမပေးဘူး။ အဲ့ဒီမှာ ဘိုကျောက်က ဆဲရော။ ကျွန်တော်လည်း အတန်းက၉တန်း။ အရွယ်လည်းရောက်လာ။ လူကလည်း မကြောက်တတ်တော့ဘူးဆိုတော့၊ ကျွန်တော်ရယ် အစ်ကို ရယ် နှစ်ယောက် တံခါးပိတ်ထားတာကိုဆွဲဖွင့် ၀ါးရင်းတုတ်ကိုဆွဲ တစ်ခါထဲ လိုက်ရိုက်တာ ဘိုကျောက်ဆိုတာပြေးတာတန်းနေတာပဲ။ အဲ့ဒီကစပြီး ဘိုကျောက်ကျွန်တော်တို့ အိမ်ကို လာမတောင်းရဲတော့ဘူး။ အဲ့ဒါပဲ ကျွန်တော်တို့မှာ သားအမိသုံးယောက် ထဲနဲ့ ဖိုက်တာလုပ်ခဲ့ရတာ။

ကိုယ်ချင်းစာစိတ်

တစ်ခါတစ်လေမှာမင်းဘ၀ဟာမပြည့်စုံဘူးလို့
ခံစားရရင်...
မိဘမဲ့ဂေဟာကကလေးတွေကိုမင်းမျက်စိထဲမှာ
မြင်ကြည့်လိုက်ပါ။
တစ်ခါတစ်လေမှာမင်းထမင်းစားရတာဟင်းမကောင်းဘူးလို့
မင်းငြီးတွားချင်ရင်...
လမ်းဘေးမှာတောင်းစားနေရတဲ့ကလေးငယ်တွေကိုမင်းမျက်စိထဲမှာ
မြင်ကြည့်လိုက်ပါ။
တစ်ခါတစ်လေမှာမင်းလုပ်နေတဲ့အလုပ်ဟာ မကောင်းဘူးလို့မင်းစိတ်ထဲမှာ
ထင်လာရင်..
လမ်းဘေးမှာဝမ်းရေးအတွက်ဈေးရောင်းနေတဲ့ကလေးတွေကို
မင်းမျက်စိထဲမှာမြင်ကြည့်လိုက်ပါ...
တစ်ခါတစ်လေမှာဆင်းရဲတဲ့လူတွေကို မင်းအထင်အမြင်သေးလာရင်
မင်းခန္ဓာကိုယ်ထဲကသွေးတွေကို မင်းဖောက်ထုတ်ပြီး ကြည့်လိုက်ပါ
ထွက်လာမှာကအနီရောင်တွေပါပဲ..

----------------------------------------------------------------------------------
သားငယ်


ဖြစ်ခွင့်

ညတွေမှာ အတောင်ဖြန့်ပြီး

လျှောက်သွားတတ်တဲ့

နတ်သမီးလေးတစ်ပါးဟာ

မင်းဆိုရင်

မင်းနောက်က တောင်ပံလေးတစ်စုံအဖြစ်တော့

ငါ့ကိုဖြစ်ခွင့်ပေးပါချစ်သူ.....



သားငယ်...

-ကကြိုးပျောက်နေတဲ့ ကောင်းကင်အောက်မှာ
ကုလားတစ်ကောင်ရဲ့ အသားအရောင်လို
မည်းမှောင်နေတဲ့ ညကတော့အိပ်နေလေရဲ့....
-တစ်ချက်တစ်ချက် ခွေးဟောင်သံတွေတော့
လမ်းမကနေကြားရရဲ့.....
-သူမကတော့ ညရဲ့ဝတ်ရုံကို ခြုံရင်း
နှစ်ချိုက်စွာအိပ်မောကျနေလေသလား...
-စာတစ်ပုဒ်ရဲ့အစ....အဆုံး...အလယ်ကိုမသိသလို
ဒို့နှစ်ယောက်ရဲ့ဘ၀ခရီးအစုန်အဆန်ကိုမသိချင်လို့
ငါလည်းစောင်ခြုံရင်းပဲအိပ်တော့မယ်...ချစ်သူ...


သားငယ်...

ဘုရားသခင်၏လက်ဆောင်လေလား?

-ချစ်သူ့အပြုံး မျက်ဝန်းတစ်စုံ
ဘုရားသခင်လက်ဆောင်ပေးလေသလား?
-ကောင်းကင်ထက်က မိုးတိမ်လို
ဖြူစင်သန့်ရှင်း သူ့စိတ်ရင်း
ဘုရားသခင်လက်ဆောင်ပေးလေသလား?
-အလှမျိုးစုံ စုပေါင်းစုံသည့်
နတ်သမီးတမျှထို မိန်းမလှကို
ဘုရားသခင်လက်ဆောင်ပေးလေသလား?


သားငယ်.....

ဝေး

-ငါ့ရဲ့ကောင်းကင်က ကြယ်မှုန်တွေကို ခူးဆွတ်ပြီး
အဝေးကိုထွက်ပြေးသွားခဲ့တယ်။
-အာဒံနဲ့ဧ၀ လိုကမ္ဘာ ဦးမှာ နှစ်ယောက်ထဲမဟုတ်ပေမဲ့
ငါချစ်ခဲ့တာကတော့နင်တစ်ယောက်ထဲပါ...
ပြန်ဆက်လို့မရတော့တဲ့မှန်ကွဲတစ်ချပ်လို
ငါတို့နှစ်ယောက် အချစ်တွေအစိတ်စိတ်အမွှာမွှာဖြစ်သွားခဲ့ပြီ...
ပြန်ပြီးဆက်လို့ ရရင်တောင် အက်ကွဲကြောင်းတွေထင်ကျန်ခဲ့မှာပဲ..


သားငယ်...

နှိုင်းယှဉ်ခြင်း

-လင်းလက်သွားတဲ့ကောင်းကင်က
ကြယ်လေးတစ်ပွင့်ဟာ နင်ဆိုရင်
ငါဟာနင့်အတွက် တစ်သက်တာ
လမင်းကြီးပါပဲ။
-ဒါပေမဲ့
မှောင်မည်းနေတဲ့ကောင်းကင်ကြီးတော့မဖြစ်ချင်ခဲ့ပါဘူး။
-ရေကန်ထဲကဖြူဖွေးနေတဲ့
ကြာပန်းလေးတစ်ပွင့်ဟာ နင်ဆိုရင်
ငါဟာနင့်အတွက် တစ်သက်တာ
ရေပြင်ကျယ်ကြီးပါပဲ။
-ဒါပေမဲ့
ညစ်ပေနေတဲ့ ရေကန်ထဲကရွှံ့ဗွက်တွေတော့မဖြစ်ချင်ခဲ့ပါဘူး။


သားငယ်...