-ကကြိုးပျောက်နေတဲ့ ကောင်းကင်အောက်မှာ
ကုလားတစ်ကောင်ရဲ့ အသားအရောင်လို
မည်းမှောင်နေတဲ့ ညကတော့အိပ်နေလေရဲ့....
-တစ်ချက်တစ်ချက် ခွေးဟောင်သံတွေတော့
လမ်းမကနေကြားရရဲ့.....
-သူမကတော့ ညရဲ့ဝတ်ရုံကို ခြုံရင်း
နှစ်ချိုက်စွာအိပ်မောကျနေလေသလား...
-စာတစ်ပုဒ်ရဲ့အစ....အဆုံး...အလယ်ကိုမသိသလို
ဒို့နှစ်ယောက်ရဲ့ဘ၀ခရီးအစုန်အဆန်ကိုမသိချင်လို့
ငါလည်းစောင်ခြုံရင်းပဲအိပ်တော့မယ်...ချစ်သူ...


သားငယ်...

ဘုရားသခင်၏လက်ဆောင်လေလား?

-ချစ်သူ့အပြုံး မျက်ဝန်းတစ်စုံ
ဘုရားသခင်လက်ဆောင်ပေးလေသလား?
-ကောင်းကင်ထက်က မိုးတိမ်လို
ဖြူစင်သန့်ရှင်း သူ့စိတ်ရင်း
ဘုရားသခင်လက်ဆောင်ပေးလေသလား?
-အလှမျိုးစုံ စုပေါင်းစုံသည့်
နတ်သမီးတမျှထို မိန်းမလှကို
ဘုရားသခင်လက်ဆောင်ပေးလေသလား?


သားငယ်.....

ဝေး

-ငါ့ရဲ့ကောင်းကင်က ကြယ်မှုန်တွေကို ခူးဆွတ်ပြီး
အဝေးကိုထွက်ပြေးသွားခဲ့တယ်။
-အာဒံနဲ့ဧ၀ လိုကမ္ဘာ ဦးမှာ နှစ်ယောက်ထဲမဟုတ်ပေမဲ့
ငါချစ်ခဲ့တာကတော့နင်တစ်ယောက်ထဲပါ...
ပြန်ဆက်လို့မရတော့တဲ့မှန်ကွဲတစ်ချပ်လို
ငါတို့နှစ်ယောက် အချစ်တွေအစိတ်စိတ်အမွှာမွှာဖြစ်သွားခဲ့ပြီ...
ပြန်ပြီးဆက်လို့ ရရင်တောင် အက်ကွဲကြောင်းတွေထင်ကျန်ခဲ့မှာပဲ..


သားငယ်...

နှိုင်းယှဉ်ခြင်း

-လင်းလက်သွားတဲ့ကောင်းကင်က
ကြယ်လေးတစ်ပွင့်ဟာ နင်ဆိုရင်
ငါဟာနင့်အတွက် တစ်သက်တာ
လမင်းကြီးပါပဲ။
-ဒါပေမဲ့
မှောင်မည်းနေတဲ့ကောင်းကင်ကြီးတော့မဖြစ်ချင်ခဲ့ပါဘူး။
-ရေကန်ထဲကဖြူဖွေးနေတဲ့
ကြာပန်းလေးတစ်ပွင့်ဟာ နင်ဆိုရင်
ငါဟာနင့်အတွက် တစ်သက်တာ
ရေပြင်ကျယ်ကြီးပါပဲ။
-ဒါပေမဲ့
ညစ်ပေနေတဲ့ ရေကန်ထဲကရွှံ့ဗွက်တွေတော့မဖြစ်ချင်ခဲ့ပါဘူး။


သားငယ်...