ကိုယ်ချင်းစာစိတ်

တစ်ခါတစ်လေမှာမင်းဘ၀ဟာမပြည့်စုံဘူးလို့
ခံစားရရင်...
မိဘမဲ့ဂေဟာကကလေးတွေကိုမင်းမျက်စိထဲမှာ
မြင်ကြည့်လိုက်ပါ။
တစ်ခါတစ်လေမှာမင်းထမင်းစားရတာဟင်းမကောင်းဘူးလို့
မင်းငြီးတွားချင်ရင်...
လမ်းဘေးမှာတောင်းစားနေရတဲ့ကလေးငယ်တွေကိုမင်းမျက်စိထဲမှာ
မြင်ကြည့်လိုက်ပါ။
တစ်ခါတစ်လေမှာမင်းလုပ်နေတဲ့အလုပ်ဟာ မကောင်းဘူးလို့မင်းစိတ်ထဲမှာ
ထင်လာရင်..
လမ်းဘေးမှာဝမ်းရေးအတွက်ဈေးရောင်းနေတဲ့ကလေးတွေကို
မင်းမျက်စိထဲမှာမြင်ကြည့်လိုက်ပါ...
တစ်ခါတစ်လေမှာဆင်းရဲတဲ့လူတွေကို မင်းအထင်အမြင်သေးလာရင်
မင်းခန္ဓာကိုယ်ထဲကသွေးတွေကို မင်းဖောက်ထုတ်ပြီး ကြည့်လိုက်ပါ
ထွက်လာမှာကအနီရောင်တွေပါပဲ..

----------------------------------------------------------------------------------
သားငယ်


ဖြစ်ခွင့်

ညတွေမှာ အတောင်ဖြန့်ပြီး

လျှောက်သွားတတ်တဲ့

နတ်သမီးလေးတစ်ပါးဟာ

မင်းဆိုရင်

မင်းနောက်က တောင်ပံလေးတစ်စုံအဖြစ်တော့

ငါ့ကိုဖြစ်ခွင့်ပေးပါချစ်သူ.....



သားငယ်...

-ကကြိုးပျောက်နေတဲ့ ကောင်းကင်အောက်မှာ
ကုလားတစ်ကောင်ရဲ့ အသားအရောင်လို
မည်းမှောင်နေတဲ့ ညကတော့အိပ်နေလေရဲ့....
-တစ်ချက်တစ်ချက် ခွေးဟောင်သံတွေတော့
လမ်းမကနေကြားရရဲ့.....
-သူမကတော့ ညရဲ့ဝတ်ရုံကို ခြုံရင်း
နှစ်ချိုက်စွာအိပ်မောကျနေလေသလား...
-စာတစ်ပုဒ်ရဲ့အစ....အဆုံး...အလယ်ကိုမသိသလို
ဒို့နှစ်ယောက်ရဲ့ဘ၀ခရီးအစုန်အဆန်ကိုမသိချင်လို့
ငါလည်းစောင်ခြုံရင်းပဲအိပ်တော့မယ်...ချစ်သူ...


သားငယ်...

ဘုရားသခင်၏လက်ဆောင်လေလား?

-ချစ်သူ့အပြုံး မျက်ဝန်းတစ်စုံ
ဘုရားသခင်လက်ဆောင်ပေးလေသလား?
-ကောင်းကင်ထက်က မိုးတိမ်လို
ဖြူစင်သန့်ရှင်း သူ့စိတ်ရင်း
ဘုရားသခင်လက်ဆောင်ပေးလေသလား?
-အလှမျိုးစုံ စုပေါင်းစုံသည့်
နတ်သမီးတမျှထို မိန်းမလှကို
ဘုရားသခင်လက်ဆောင်ပေးလေသလား?


သားငယ်.....

ဝေး

-ငါ့ရဲ့ကောင်းကင်က ကြယ်မှုန်တွေကို ခူးဆွတ်ပြီး
အဝေးကိုထွက်ပြေးသွားခဲ့တယ်။
-အာဒံနဲ့ဧ၀ လိုကမ္ဘာ ဦးမှာ နှစ်ယောက်ထဲမဟုတ်ပေမဲ့
ငါချစ်ခဲ့တာကတော့နင်တစ်ယောက်ထဲပါ...
ပြန်ဆက်လို့မရတော့တဲ့မှန်ကွဲတစ်ချပ်လို
ငါတို့နှစ်ယောက် အချစ်တွေအစိတ်စိတ်အမွှာမွှာဖြစ်သွားခဲ့ပြီ...
ပြန်ပြီးဆက်လို့ ရရင်တောင် အက်ကွဲကြောင်းတွေထင်ကျန်ခဲ့မှာပဲ..


သားငယ်...

နှိုင်းယှဉ်ခြင်း

-လင်းလက်သွားတဲ့ကောင်းကင်က
ကြယ်လေးတစ်ပွင့်ဟာ နင်ဆိုရင်
ငါဟာနင့်အတွက် တစ်သက်တာ
လမင်းကြီးပါပဲ။
-ဒါပေမဲ့
မှောင်မည်းနေတဲ့ကောင်းကင်ကြီးတော့မဖြစ်ချင်ခဲ့ပါဘူး။
-ရေကန်ထဲကဖြူဖွေးနေတဲ့
ကြာပန်းလေးတစ်ပွင့်ဟာ နင်ဆိုရင်
ငါဟာနင့်အတွက် တစ်သက်တာ
ရေပြင်ကျယ်ကြီးပါပဲ။
-ဒါပေမဲ့
ညစ်ပေနေတဲ့ ရေကန်ထဲကရွှံ့ဗွက်တွေတော့မဖြစ်ချင်ခဲ့ပါဘူး။


သားငယ်...

တောင်အောက်သို့ပြန်ဆင်းခဲ့ကြခြင်း

ကျိုက်ထီးရိုးကအပြန်လမ်းမှာ...
ကျွန်တော်တို့ကျိုက်ထီးရီုးကအပြန်လမ်းမှာကျွန်တော်တို့...စိတ်မကောင်းခြင်းကြီးစွာနဲ့
ပဲပြန်လာခဲ့ကြရတယ်......မပြန်ချင်ဘူးလေ ဒီလောက်ပျော်စရာကောင်းတဲ့ခရီးလေးတစ်ခုကို
နောက်တစ်ခါအားလုံးအတူတူ ပြန်လာဖို့ဆိုတာမသေချာဘူးလေဒီတော့ဝမ်းနည်းနေကြတာပေါ့.
ဝမ်းနည်းတယ်ဆိုတာလည်းခဏပါ...ဒီအဖွဲ့ကလူတွေက ၀မ်းနည်းမှုကိုကြာကြာသိမ်းမထားတတ်ကြဘူး
ပြီးပြီးရောပဲ.. ဒီလိုနဲ့တောင်ပေါ်ကနေဆင်းဖို့ကားပေါ်ကိုတက်ပေါ့...ပြီးလည်းပြီးရောလူမြန်မြန်ရအောင်
တစ်ဖွဲ့လုံးကားသမားကိုကူညီပြီးဝိုင်းအော်ပေးကြတာပေါ့.. တဖြည်းဖြည်းနဲ့ကားပေါ်မှာ
လူတွေကပြည့်လာတယ်....အဲ ကားပေါ်မှာ မွန်မလေး ချောချောလေးနှစ်ယောက်လည်းပါလာတယ်လေ
ဒီမှာပဲအားလုံးကကြောင်ကြတာပေါ့..သိတဲ့အတိုင်းအားလုံးက တဏှာရူးတွေကြီးပဲ..ဟီးအလကားပြောတာ
သူတို့ပုံကိုကြည့်ရတာ အဲ့ကောင်မလေးနှစ်ယောက်ကိုပြောတာနော်. ညီအစ်မတွေလို့ထင်တာပဲ
ခန့်မှန်းချက်ပေါ့နော့.. အဲ့ဒီမှာကြောင်ကြတယ်..ဟိုစဒီစပေါ့.. ဒီလိုနဲ့တောင်အောက်ကိုရောက်လာကြတယ်
တောင်အောက်ကိုရောက်တော့ ရိုက်ကူးရေးအဖွဲ့တွေရောက်နေတယ်....အဲ့ဒီမှာ ကိုဇင်မျိုးတို့ က ဘီယာတွေ
ကစ်နေကြတယ်...ကောင်မလေးနှစ်ယောက်ထဲကတစ်ယောက်က
ဓာတ်ပုံရိုက်ချင်တယ်ဆိုပြီးအကူအညီတောင်းတယ်..
အဲ့ဒီမှာကိုမင်းကဖြစ်တယ် ကူညီမယ်ဆိုပြီးရိုက်ပေးတော့တာပေါ့...
ကိုဇင်မျိုးကိုလည်းသူကဆရာလုပ်သေးတယ်ဟိုလိုနေဒီလိုနေနဲ့ပေါ့
ကိုဇင်မျိုးနဲ့လည်းရိုက်ပြီးရော..ကောင်မလေးကို ပြောတယ်
ဓာတ်ပုံလေးတစ်ပုံလောက်ရိုက်ချင်ပါတယ်ပေါ့...ကောင်မလေး ကလည်းရပါတယ်ပေါ့
ဒီလိုနဲ့ရိုက်ဖို့ကင်မရာကိုယူပြီးလှည့်ကြည့်လိုက်တော့ကောင်မလေးက
အဆင့်သင့်ရိုက်ဖို့စောင့်နေတယ်ကိုဇင်မျိုးကလည်း သူပါပါတယ်ထင်လို့စောင့်နေတာ.
ကိုမင်းကအဲ့ဒီမှာ ထပြီး ဟာအစ်ကိုတဲ့ အစ်ကိုမပါဘူးတဲ့..ကိုဇင်မျိုးကြီးမှာလေ
ရှက်ပြီး မျက်နှာကြီးကိုနီရဲထွက်သွားတာပေါ့....ဘီယာသောက်ထားတာလည်းပါတာပေါ့.
ဒီလိုနဲ့ကောင်မလေးပုံကို ရိုက်ပြီး တော့..တေဇာကထပြီးသူနဲ့တူတူရိုက်ချင်ပါတယ်ပေါ့..
ကောင်မလေးကပြောတယ်.... ဟာနင်နဲ့ရိုက်မဲ့အစား
ကန်စွန်းရွက်တစ်စည်းဝယ်ပြီးပဲရိုက်လိုက်မယ်တဲ့.. ကျွန်တော်နဲ့ဆိုတော်သေးတယ်တဲ့
ဓာတ်ပုံရိုက်တယ်ဆိုတာကောင်လေးချောချောလေးနဲ့ပဲရိုက်မှာပေါ့တဲ့..
ဟီးတမင်ပြောတာမဟုတ်ဘူး.. သူကအဲ့ဒီလိုကိုတကယ်ပြောတာနော်..
တေဇာကလည်းထပြီး ဟာအမ်မီနမ်နဲ့ဒီလောက်တူတဲ့လူကိုတဲ့...သူက ရက်ပါရူးလေ..
ဒီလိုနဲ့ပဲကောင်မလေးကကျွန်တော်နဲ့ဓာတ်ပုံရိုက်ပြီး ထွက်သွားတော့တာပေါ့...
ဒါနဲ့ကျွန်တော်တို့လည်းသထုံကိုလိုက်ချင်တဲ့ သူငယ်ချင်းတွေကိုခေါ်ပြီးမားသားတို့နဲ့တွေ့ဖို့ ထွက်ခဲ့ကြတော့တယ်ဗျာ။

တောင်ပေါ်က အဖြစ်တွေ

အဲ..... မိန်းကလေးအုပ်စုကိုရွဲ့ပြီးတော့ ၁၀ နာရီလောက်ရှိတာနဲ့မုဆိုးဒူးထောက်တောင်ကို
သွားကြတာပေါ့... မုဆိုးဒူးထောက်တောင်ကိုသွားတဲ့လမ်းမှာတော့ဘာမှထွေထွေထူးထူး
မဖြစ်ကြပါဘူး..ဒီလိုနဲ့အဲဒီကနေတည်းခိုခန်းကိုပြန်ရောက်တော့ညနေမိုးချုပ်နေပြီ...
ဒီလိုနဲ့ရန်ကုန်မှာကျန်ခဲ့တဲ့အမေတို့ဆီဖုန်းဆက်တာပေါ့..
ဘာလို့လည်းဆိုတော့အမေတို့က
သထုံကိုလိုက်လာမှာလေ..သထုံကကျွန်တော်တို့ရဲ့မွေးရပ်မြေလေ..
ဒီတော့အမျိုးတွေဆီကို
အလည်ပြန်ရတာပေါ့..အမျိုးတွေဆီကိုသွားတဲ့ခရီးကအဖြစ်အပျက်တွေကို
နောက်မှရေးမယ်နော်
စာရေးတာလမ်းကြောင်းပြောင်းသွားတော့မလို့...
ဖုန်းဆက်တော့ သူတို့သန်ဘက်ခါလိုက်လာမယ်တဲ့.. ဒီလိုနဲ့ဖုန်းတွေဘာတွေဆက်ပြီးတော့
ထမင်းစားချိန်ရောက်တော့..ထမင်းဆိုင်တန်းဘက်ကိုထွက်ကြရတာပေါ့..
ဒီတစ်ခါထမင်းစားမယ်ဆိုတော့..အားလုံးကတိုင်ပင်ကြတာပေါ့ ပိုက်ဆံပေးရတာ ချင်းအတူတူ
စားကောင်းမဲ့ဆိုင်မှာပဲစားမယ်ပေါ့.. အဲ့ဒီမှာ လူတွေကကွဲကုန်ရော.. ၇ယောက်အဖွဲ့မှာ ၃ယောက်က
အရင်ဆိုင်မှာစားမယ် ကျန်တဲ့သုံးယောက်ကဆိုင်ပြောင်းစားမယ်နဲ့ဖြစ်ကုန်ရော..
ကျွန်တော်ကတော့ဘယ်ဆိုင်စားစားဖြစ်တယ်ပေါ့.အစားအသောက်ပဲဗိုက်ထဲရောက်သွားဖို့
အဓိကမဟုတ်လား..ဟိုသုံးယောက်ကလည်း အရင်ဆိုင်ကိုအားနာတယ်တဲ့...
ဒါနဲ့ပဲအားလုံးသဘောတူညီမှုနဲ့ ကျွန်တော်အကိုရဲ့အကြံအတိုင်း ဖိနပ်လှန်မယ်ဆိုပြီးလှန်ကြတာပေါ့..
အဲဖြစ်ချင်တော့ ဖိနပ်လှန်တဲ့နေရာက ပထမထမင်းဆိုင်နဲ့ဒုတိယထမင်းဆိုင်ကြားထဲမှာဖြစ်နေတယ်
ဒီတော့ နှစ်ဆိုင်လုံးကဝိုင်းကြည့်ပေါ့.. လှန်လည်းလှန်ပြီးရော ဒုတိယထမင်းဆိုင်ကနိုင်သွားရော..
ဒါနဲ့ဆိုင်သစ်မှာပြေားစားကြတာပေါ့.. ပထမဆိုင်ကလူတွေလည်းမျက်စောင်းတွေထိုးပေါ့...
မသိချင်ယောက်ဆောင်ပြီးပဲ ဝင်စားလိုက်ကြတယ်... စားပြီးသောက်ပြီးပြန်ကြတာပေါ့..
ပြန်ပြီး ညဘက်လာမယ့်ဘောလုံးပွဲအကြောင်းတွေပြောကြ ရင်းနဲ့ဘောလုံးပွဲအလာကိုစောင့်ကြတယ်.
ည၂း၃၀ လောက်ရောက်တော့ လက်ဖက်ရည်ဆိုင်ကိုသွားဘောလုံးပွဲကြည့် ကြတာပေါ့
ဘောလုံးပွဲပြီး တာနဲ့တည်းခိုခန်းကိုပြန်တော့.. ရင်ပြင်တော်ဘေးမှာ ပထမထမင်းဆိုင်ကလူတွေ
ထမင်းဟင်းချက်နေတာနဲ့တိုးပါရော.. သူတို့ကစပြီး ပြောတာပေါ့..ရန်ကုန်သားတွေမဟုတ်ဘူးတဲ့
အညာသားတွေတဲ့.. ကျွန်တော်တို့ကိုသူတို့ကဘယ်ကလာတာလဲဆိုတော့ရန်ကုန်ကလို့ပြောထားတာ
ဒီတော့ပြောပြီပေါ့.. သူတို့ကလည်းဆက်ပြော တယ်.. သူတို့ဆိုင်မှာပဲစားမယ်ပြောပြီးတော့ တခြားဆိုင်
ပြောင်းစားတယ်တဲ့... အညာသားတွေတဲ့... အညာသားလို့ပြောတာသူတို့ကိုညာသွားလို့တဲ့
အဲ့ဒီမှာမဲကြီးက ထပြီးရန်တွေ့ပါရော.. ဘာဖြစ်လဲဘာဖြစ်လဲတဲ့.. ဟင်းကိုကောင်းအောင်မှမချက်တာတဲ့
အဲ့ဒါကြောင့်ပြောင်းစားတာတဲ့.. ဘာမှလာပြောမနေနဲ့ဆိုပြီးပြန်ပြီးရန်တွေ့တာဗျား.. ဆိုင်က အမကြီးတွေဆို
ပါးစပ်လေးတွေအဟောင်းသားနဲ့ကြောင်ကြည့်နေတာ.. အေးလေသူတို့လည်းဒီလောက် ရန်ပြန်ထောင်တတ်
တဲ့ယောင်္ကျားလေးမျိုးမတွေ့ဘူးလို့ထင်ပါတယ်.. သြော် တောင်ပေါ်ကအဖြစ်တွေပေါ့

တောင်ပေါ်က ရွဲ့ခဲ့တဲ့အဖြစ်တွေ

ရေတံခွန်ကအဖြစ်အပျက်တွေရေးပြီးတော့
ဘာအကြောင်းရေးရင်ကောင်းပါ့မလဲလို့စဉ်းစားရတယ်...
အခုတော့ရပြီ.. ကဲစလိုက်ရအောင်.... ဒီလိုနဲ့.. တောင်ပေါ်ရောက်တော့ရေတစ်ခါပြန်ချိုးပြီးတော့ကွမ်းလေးဝါးပြီးတော့...
အားလုံးရေချိုးတာပြီးအောင်စောင့်... ပြီးတာနဲ့
အဖွဲ့လိုက်ကြီးရင်ပြင်တော်ပေါ်ကိုတတ်ကြတာပေါ့
အောင်မယ်အဲ့ဒီနေ့ညကရင်ပြင်တော်ပေါ်မှာလူကများတယ်ဗျား..
အားလုံးကဘုရားလည်းဖူးလိပ်ဥလည်းတူးပေါ့လေ.. ကျွန်တော်ကလွဲရင်ပေါ့....ရင်ပြင်တော်ပေါ်မှာလျှောက်သွားကြ
ကျိုက်ထီးရိုးစေတီကို ကန်တော့ ပြီးရွှေပြားလှူပေါ့... ပြီးတာနဲ့လမ်းလျှောက်တာများနေတော့ဗိုက်ကဆာလာရော...
ဒီလိုနဲ့ပဲ ထမင်းဆိုင်သွားကြမယ်ပေါ့.. ဒါနဲ့ပဲရောက်ရောက်ခြင်းတုန်းကစားခဲ့တဲ့ဆိုင်ကိုပဲဝင်စားကြတာပေါ့... အဲ့ဒီမှာစတွေ့တာပဲ..ရောက်ရောက်ခြင်းတုန်းက
စားတာကတော့ပင်ပန်းတောကောင်းတာ
မကောင်းတာကိုဂရုမစိုက်ဘူးလေ....အခုအရမ်းမပင်ပန်းပဲစားတော့
ထမင်းကစားလို့ကိုမကောင်းတာ
မဲကြီးကတော့...စပွားတာပေါ့..မနေ့ကလောက်စားလို့မကောင်းဘူး
ဘာဘူးပေါ့..ဒါနဲ့စားပြီးကြတော့
ရင်ပြင်တော်ပေါ်ပြန်တတ်.
ဟိုလျှောက်ကြည့်ဒီလျှောက်ကြည့်ပေါ့ဗျာ.. ဓာတ်ပုံတွေဘာတွေရိုက်ပေါ့..
အမှတ်တရအနေနဲ့ပေါ့...ပြီးတာနဲ့...
ရင်ပြင်တော်ပေါ်လျှောက်သွားရင်းနဲ့ချောတဲ့ကောင်မလေးတွေဆို
လိုက်နောက်ပေါ့ဒါကတော့လူပျိုတိုင်းပါပဲနော်.... ပျော်ကြတာပေါ့ဗျာ.. ဘယ်သူ့ကိုမှဘယ်လိုဘယ်လိုခံစားချက်မရှိပါဘူး
အားလုံးလည်းသဘောပေါက်ပါတယ်...ဒီလိုနဲ့
နောက်လိုက်ပြောင်လိုက်နဲ့ သွားလိုက်တာ..
အမကြီးတွေ အဖွဲ့တစ်ဖွဲ့ကြတော့ စတာကိုမကြိုက်တော့ လူတွေကိုမတူသလိုမတန်သလိုလိုဘာလိုလိုပေါ့..
စဉ်းစားကြည့်ကြဗျာ.. ကျွန်တော်တို့ အဖွဲ့မှာပေအတေတစ်ကောင်မှမပါပါဘူး..
တစ်ယောက်ဆို company ကမန်နေဂျာ
တစ်ယောက်ဆို ဂျာနယ် အယ်ဒီတာ... စဉ်းစားကြည့်... အဲ့ဒါကိုဒီလိုဆက်ဆံတော့. အားလုံးကတင်းတာပေါ့..
မဲကြီး သူကဒေါသအထွက်ဆုံး သူပေါက်ကွဲပြီး အဲ့ဒီဆော်တွေကို လိုက်ပွားတာ..
ဆော်တွေက လှတဲ့ဆော်တွေကိုမပါပါဘူးဗျာ...
ဒါပေမဲ့တင်းနေတော့လိုက်ပွားတာပေါ့...
ပြီးတော့.. ဆော်တွေကိုကြည့်ရတာပိုက်ဆံနည်းနည်းရှိရင်တော
့အေးဆေးပဲဆိုတဲ့သဘောရှိတယ်...တမင်ပြောတာတော့မဟုတ်ဘူးနော်.. အဲ့ဒါတကယ်ဆိုတာကိုခဏနေရင်သေချာရှင်းပြမယ်..
အဲ့ဒါနဲ့တမင် လိုက်ပြီးပြောတာ.. သူတို့ကိုင်ထားတဲ့ Digital camera ကိုမမြင်ဘူးလို့ပါဆိုပြီးလိုက်ပြောတာ..
အဲ့ဒါလေးက ဘာလေးလည်းပေါ့လေ... ဒီလို့နဲ
အားလုံးဒေါသတွေနဲ့ တည်းခိုခန်းကိုပြန်လာတာပေါ့..
တည်းခိုခန်းရောက်တော့သူတိုကိုဘယ်လိုနှိပ်ကွပ်ရင်ကောင်းမလည်းဆိုပြီး
တိုင်ပင်ရင်းနဲ့ပဲ အိပ်ပျော်သွားကြတယ်..
မနက်မိုးလင်းတော့ မျက်နှာသစ်သွားတိုက် ပြီး
လက်ဖက်ရည်ဆိုင်ကိုသွားတော့ ဘာတွေ့တယ်မှတ်တုန်း
ညကဆော်တွေလေ... အဲ့ဒီတော့မှပြန်သတိရတာ ညက ကိစ္စကို အားလုံးကဘာကိုမှစိတ်ထဲမှာထားတတ်တာမဟုတ်တော့
မေ့နေကြတာလေ..ပြန်တွေ့တော့လည်း ဒေါသတွေပြန်ထွက်ပေါ့..အမှန်ကဒေါသထွက်စရာမရှိပါဘူးဒါပေမဲ့
သူတိုလုပ်ပုံက ဒေါသထွက်စရာလေ.. ဘာလုပ်နေတယ်ထင်လဲ..
သူတို့အဖေလောက်ရှိတဲ့ဘဲကြီးတွေနဲ့ စကားတွေပြော
လိပ်စာတွေပေးနဲ့လုပ်နေတာ..ဘဲကြီးတွေက ရွှေ တွေဝတ်ထားတာ
ကြောက်ဖို့တောင်ကောင်းတယ်.. အသားမဲတဲ့လူရွှေဝတ်
တာဘယ်လောက်ကြည့်ရဆိုးလည်းဆိုတာ
ခင်ဗျားတို့ပဲစဉ်းစားကြည့်..မီးသွေးခဲပေါ်အီးအီးတွေပါထားတဲ့အတိုင်းပဲ..
ကျွန်တော်ဆော်တွေကိုပြောတာမလွန်ပါဘူးနော်
အဲ့ဒီအချိန်မှာကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး“မဲကြီး” ကထသွားပြီး
အငယ်လေးမင်းလိုက်ခဲ့တဲ့..အဲ့ဒါနဲ့လိုက်သွားတော့.. မင်းရဲ့အိတ်ကိုဖွင့်တဲ့သော့ယူခဲ့တဲ့.. ယူခဲ့ပြီးလိုက်သွားတော့ အိတ်ဖွင့်ပြီးကျွန်တော့်ရဲ့Digital camera and Video camera ကိုထုတ်ခိုင်းတယ်... ပြီးလည်းပြီးရောယူပြီးထွက်သွားပါလေရော..
လက်ဖက်ရည်ဆိုင်အရှေ့ကိုရောက်တာနဲ့
အဲ့ဒီဆော်တွေရှေ့တည့်တည့်ကိုသွားပြီးဗီဒီယို ကင်မရာနဲ့ရိုက်လိုက်
ဒီဂျစ်တယ်ကင်မရာနဲ့ရိုက်လိုက်.. နဲ့လုပ်နေတာ..
ဟိုဆော်တွေဆိုကြောင်ပြီးကြည့်နေတာ.. စဉ်းစားကြည့်လေ
ညက ကင်မရာကိုမမြင်ဖူးဘူးဆိုတဲ့လူတွေက အခု ကင်မရာတွေတကားကားနဲ့ဆိုတော့ ကြောင်သွားတာပေါ့..
နောက်နေ့တွေ ဆိုအဲ့ဒီဆော်တွေကျွန်တော်တို့ကိုတွေတာနဲ့ရယ်ရယ်ပြတယ်ဗျာ.. ဒါပေမဲ့ကျွန်တော်တို့ကလုံးဝကို
လှည့်မကြည်တော့တာ...
မဲကြီးဆိုတာအဲ့ဒီလိုလူပါဗျာ..သဘောကောင်းသလောက်သူ့ကိုကြောရင်
မကျေနပ်ဘူးဗျ... နည်းနည်းလောက်ပြန်ပြီး lesson ပေးရမှကျေနပ်တာ

တမင်ကျွန်တော်တို့ ရွဲ့ခဲ့တဲ့အဖြစ်တွေပေါ့ဗျာ..

ကျွိုက်ထီးရိုး မှအဖြစ်အပျက်များ

ကျွန်တော်တို့ ဒီလိုနဲ့ရေတံခွန်ကနေပြန်လာခဲ့ကြတယ်..လမ်းတစ်လျှောက်လုံးပင်ပင်ပန်းပန်းနဲ့ တောင်ပေါ်ကိုပြန်တတ်ရတာပေါ့..မတတ်လို့လည်းမရဘူးလေ.. အိပ်စရာငှားထားတဲ့တည်းခိုခန်းကလည်း
တောင်ပေါ်မှာပဲရှိတယ်လေ.. ဒီလိုနဲ့ နားလိုက်တတ်လိုက်နဲ့သွားလိုက်တာ တောင်ပေါ်ကိုညနေ၆နာရီလောက်မှရောက်တယ်လေ..
သြော်..လမ်းမှာဘာအခက်အခဲမှမရှိဘူးလို့ထင်လို့လား..
အောင်မလေး..မထင်လိုက်ပါနဲ့.. ကျွန်တော်တို့အဖွဲ့မှာက
အားလုံးနီးပါးကလူငယ် ခြေကျတွေလေ..အဲဒါပေမဲ့
တေဇာ နဲ့ အောင်ပန်း ကသွက်တယ်.. သူတို့နှစ်ယောက်က
စကားလေးတပြောပြောနဲ့တတ်သွားလိုက်တာ
ကျွန်တော်တို့နဲ့ဝေးသွားလိုက်တာ မြင်တောင်မမြင်ရတဲ့အထိကိုဖြစ်သွားတာပဲ... ဒီလိုနဲ့သူတို့ကိုမှီအောင်မြန်မြန်လေးလျှောက်တာပေါ့.. လျှောက်သွားရင်းနဲ့လမ်း ၃ ခွ ကိုတွေ့တယ်..
ကျွန်တော်တို့က အလယ်လမ်းကနေသွားလိုက်တာပေါ့....
ဒီလိုနဲ့ဘယ်လောက်မြန်အောင်လျှောက်လျှောက်
သူတို့ကိုမမှီဘူး.. ဒါနဲ့ ပုံမှန်မဟုတ်ဘူးဆိုတာတော့သဘောပေါက်လိုက်တာပေါ့... ဆက်သွားရင်းနဲ့အရှေ့ဘက်မှာတွေ့ရတဲ့အအေးဆိုင်လေးမှာ
ထိုင်ရင်းနဲ့ပိုင်ရှင်ကိုမေးတာပေါ့..
“အကို..ဒီနားကိုလူငယ်အရွယ်၂ ယောက်ဖြတ်သွားတာတွေ့မိလား”လို့မေးတော့.. သူက၂နာရီအတွင်းဘယ်သူမှမဖြတ်သေးဘူးတဲ့..ဒါနဲ့ပဲစိတ်ပူသွားတာပေါ့.. ချောက်ထဲများကျပြီးသေကုန်ပြီလားလို့..ပိုင်ရှင်ကတော့ပြောပါတယ်... ရသေ့တောင်ကိုဆင်းတဲ့လမ်းကနေမှားဆင်းသွားတာဖြစ်မယ်တဲ့... ကျွန်တော်တို့ကတော့ တွေးတာပေါ့ ဒါဆိုဒီလူ၂ယောက်ည ၈ နာရီလောက်မှရောက်မယ်ထင်တယ်လို့... ဘာလို့လည်းဆိုတော့ရသေ့တောင်ဘက်ကပိုဝေးတာကို... ဒါပေမဲ့ဗျာ ကျွန်တော်တို့တောင်ပေါ်တောင် မရောက်သေးဘူး ရောက်ခါနီးလောက်မှာပေါ့.. သူတို့ ၂ ယောက်က
အဝတ်အစားတွေတောင်လဲထားပြီးပြီ။
သူတို့ကိုမေးကြည့်တော့လမ်းမှားမှန်းသိတာနဲ့အသဲအသန်တတ်တာတဲ့..
နားတောင်မနားဘူးတဲ့..
အဲ့ဒါကြောင့် ကျွန်တော်တို့ထက် ၄၅ မိနစ်လောက်စောပြီးရောက်နေတာတဲ့.. သူတို့ကတောင်ကျွန်တော်တို့
ကိုစိတ်ပူလို့လာစောင့်နေတာတဲ့ဗျား...ဒါတောင်
ရင်ပြင်တော်ပေါ်လိုက်ကြည့်ပြီးမှလာတာတဲ့..
သြော်ကိုယ်တွေကသူတို့ကိုစိတ်ပူရမယ်မှတ်တာ သူတို့ကတောင်ပြန်စိတ်ပူလိုက်သေး.....

တောင်ပေါ်မှာလွဲခဲ့တဲ့အဖြစ်တွေပေါ့.....

ကျိုက်ထီးရိုး မှအဖြစ်အပျက်များ

အဲ့ဒီလိုနဲ့ မနက်မိုးလင်းတာနဲ့တောင်ပေါ်ကိုတတ်သွားကြတယ်.... ကျွန်တော်တို့က ခြေလျှင် တတ်ကြတာလေ.. ဒီတော့တောင်ပေါ်ရောက်တဲ့အချိန်မှာဗိုက်ကအရမ်းဆာနေကြပြီ.. ဒီလိုနဲ့တည်းခိုခန်းငှား ပစ္စည်းတွေထား ရေချိုးပေါ့... ပြီးတာနဲ့ အခန်းတံခါးကို ပိတ်ပြီးစားသောက်ဆိုင်ကိုဂိုးကြတာပေါ့.. ဘယ်စားသောက်ဆိုင်ကောင်းမှန်းလည်းမသိပါဘူး.. တွေ့တဲ့ဆိုင်ဝင်စားလိုက်ကြတာ.. အောင်မလေး
စားလိုက်ကျတာ “ဝေသာလီပြည် ကိုဘီလူးဝင်တာထက်ဆိုးတယ်၊ အဲ ကျွန်တော်အပါအဝင်ပေါ့နော်”
စဉ်းစားကြည့်အဝစားတစ်ယောက်ကို ၃၅၀၀ စားတာက ၈ယောက် ထမင်းအုတ်က ၁၅ အုတ်ကုန်တယ်.. ကျွန်တော် “ဝေသာလီပြည် ဘီလူးဝင်တာထက်ဆိုးတယ်”လို့ပြောတာမလွန်ပါဘူးနော်..
စားသောက်ဆိုင်ပိုင်ရှင်နဲ့ စားပွဲထိုးတွေတောင် စိတ်လေသွားတယ်.. အဲ့ဒီအချိန်မှာ ကျွန်တော်တို့ ရဲ့ဇာတ်လိုက်ကျော်ကြီး“မဲကြီး” စားလို့ပြီးသွားပါရော.. တွေ့ပြီလေ သူဆိုင်ရှင်ကိုတော်ကီပွားတော့မယ်... သူကယဉ်တယ်ဗျား.. အင်ထရိုစဝင်တာ... အန်တီတဲ့ အန်တီတို့ဆိုင်ကဟင်းတွေကအရမ်းကောင်းတာပဲတဲ့..အန်တီကြီးဆိုတာပြုံးလို့
အမှန်ကဒီလောက်ကြီးကောင်းတာမဟုတ်ဘူး..ဖောတာလေဖောတာ...
ကျွန်တော်တို့ကတော့သူဘာဆက်ဖောမလဲလို့စောင့်ကြည့်နေကြတာပေါ့.... အောင်မယ်သူကပြောတယ်ဗျား..
နောက်နေ့တွေလည်း အန်တီ့ဆိုင်မှာပဲစားမယ်တဲ..ကတိတွေပေးနေတာလေ.. ကတိတွေပေးနေတာ.. အဲ့ဒီနေ့ကကျွန်တော်တို့စားနိုင်တယ်ဆိုတာလည်း တောင်ပေါ်ကိုခြေလျှင်တတ်လာရတော့ ပင်ပန်းပြီးစားသလောက်ဝင်နေတာပေါ့ဗျာ.. ဒါနဲ့စားပြီးသောက်ပြီး တော့ပိုက်ဆံရှင်းပြီးတည်းခိုခန်းပြန်ပြီးအိပ်ကြတာပေါ့..
ပိုက်ဆံရှင်းတော့အန်တီကြီးကပိုက်ဆံကိုလျှော့ပေးတယ်ဗျား...
သူ့တော်ကီနဲ့ကျွန်တော်တို့တွေအဆင်ပြေသွားတာပေါ့
နောက်နေ့မနက် ၆ နာရီအိပ်ရာကအားလုံးကိုနိုးပြီး
ရေတံခွန် သွားမယ်ဆိုပြီးမျက်နှာသစ်၊သွားတိုက် ပြီးတာနဲ့

လက်ဖက်ရည်ဆိုင်သွားပြီးဝမ်းဖြည့်လိုက်သေးတယ်.. ပြီးလည်းပြီးရော ရိက္ခာအတွက်ဝယ်ကျတာပေါ့... သြော် ရိက္ခာ ဆို လို့ဘာပါလိမ့်လို့တွေးမနေနဲ့.. ကျွန်တော်တို့ အဖွဲ့ ကဆေးလိပ်သောက်တဲ့လူရောကွမ်း စားတဲ့လူရောအစုံပါတယ်လေ.. ဒီလိုနဲ့ဆေးလိပ် ၃ ဘူး ကွမ်း၃၀၀၀ ဖိုးလောက်ဝယ်ပြီးစထွက်ကြတာပေါ့.. ဒီလိုနဲ့သွားလိုက်တာလမ်းတစ်ဝက်လောက်မှာ ကျွန်တော့်ခြေထောက်ကို
ငုတ်ဆူးသွားတယ်ဗျာ.. ဆိုးပါတယ်ဗျာ..အားလုံးကစိတ်ပူသွားတာပေါ့.. ကျွန်တော်ကအားလုံးထဲမှာအငယ်ဆုံးဆိုတော့ဝိုင်းချစ်ကြတာပေါ့... ဟီးဟီး... အမှန်က အငယ်ဆုံးအရှုပ်ဆုံး အပွေးဆုံး ... သူများကိုချောက်အတွန်းဆုံး အားလုံးရဲ့ချဉ်ဖတ်ပေါ့ဗျာ....သြော်ကိုယ့်ဂုဏ်ကိုဖော်ရတာ....
ဒီလိုနဲ့ရေတံခွန်ကိုရောက်သွားကြပါရော....
အဲ့ဒီမှာပြဿနာစတာပဲ..
အားလုံးကရေထဲဆင်းချင်တယ်ဒါပေမဲ့အဝတ်အစားအပိုမပါဘူး..
အဲ့ဒါနဲ့ အနားမှာရှိတဲ့ဆိုင်ကိုမေးတော့ သူတို့ဆီမှာပုဆိုးငှားတယ်တဲ့.. အတော်ပဲပေါ့... ဒါနဲ့ပုဆိုးကိုအရင်လျှော်ပြီးအဝတ်အစားလဲလိုက်ကျတာပေါ့..
ပြီးတာနဲ့ရေထဲကိုတခါတည်းဒိုင်ဗင်ထိုးလိုက်ကျတာပေါ့
.. ပြီးလည်းပြီးရောအပေါ်မှာတစ်ယောက်ကျန်နေလို့ကြည့်လိုက်တော့ ဘယ်သူလို့ထင်လဲ.. “မဲကြီး” ပေါ့.. ကျွန်တော်ကမေးလိုက်တာပေါ့ “ဟာဘာလုပ်နေတာလည်းရေထဲဆင်းလေဆိုတော့”.. သူကပြောတယ်“အေးတယ်ဟ” တဲ့... အဲဒီကြမှကိုမင်းကပြောတာ .. ဟေ့ကောင် အငယ်လေးတဲ့ဒီကောင်ကရန်ကုန်မှာတောင်ရေနေ့တိုင်းချိုးတာမဟုတ်ဘူးတဲ့.. ဆိုးပါတယ်... ပြဿဒါး ရက်ရာဇာ ရွေးပြီးရေချိုးတာတဲ့ဗျာ... အဲ့ဒီအချိန်မှာဆရာသမားမဲကြီးကဘာလုပ်နေတယ်ထင်တုန်း.. ခြေထောက်လေးရေထဲချပြီးအေးလားမအေးလားစမ်းနေတယ်ဗျာ.. ပြီးလည်းပြီးရော အေးတယ်ဆိုပြီးကုန်းပေါမှာငုတ်လေးပြန်ထိုင်နေတယ်... ဒါနဲ့အားလုံးဝိုင်းတိုင်ပင်ပြီး သူ့ကိုရေထဲဆွဲချမယ်ပေါ့..တိုင်ပင်ပြီးကျွန်တော်ရယ်
ကျွန်တော့်အကိုရယ်အပေါ်ကိုအနောက်ကနေ
တိတ်တိတ်လေးတတ်သွားပြီးသူ့ကိုရေထဲကနေ
တွန်းချမလိုကြည့်လိုက်တော့ အောင်မယ်သူကတုန်များတောင်တုန်နေလိုက်သေး... ဒါနဲ့ကျွန်တော်တို့နှစ်ယောက်သု့ကိုတွန်းချအောက်ကလူတွေကဝိုင်းဆွဲနဲ့... ရေထဲကိုပြုတ်ကျသွားပါရော.... ပြီးလည်းပြီးရော ရေထဲကပြန်ပေါ်လာတာနဲ့အော်တယ်ဗျ...“ဘူး ဖူးဖူး သူတောင်းစားတွေရဲ့တကယ်အေးတယ်ဟတဲ့” ဆိုပြီးကုန်းပေါ်ကိုပြေးတတ်တာပုဆိုးပါရေထဲမှာကျွတ်ကျန်ခဲ့တယ်..... ဟားဟား။
မထင်မှတ်ပဲရုတ်တရတ်ကြုံခဲ့ရတဲ့ဟာသလေးပါ....


ကျွန်တော်တို့ကျိုက်ထီးရိုးမှာတောက်လျှောက်ပျော်ခဲ့ရတာ “မဲကြီး”ဆိုသူပါလို့ပါဗျာ...

ကျိုက်ထီးရိုး မှအဖြစ်အပျက်များ


၂၀၀၇ ခု ဇန်န၀ါရီလမှာ မြန်မာပြည်ကိုပြန်သွားခဲ့တယ်.. မိသားစုတခုလုံးပေါ့။ကျွန်တော်နဲ့ အကို နဲ့ဆို တာပျော်လို့ပေါ့..ကိုယ့်နိုင်ငံကိုပြန်ရတာမပျော် ဘယ်ရှိပါ့မလဲနော် လေယာဉ် ကွင်းကိုရောက်တာနဲ့ ခေါင်းထဲမှာဘယ်တွေသွားရမလဲစဉ်းစားထားတာ ကိုယ့်အတွေးနဲ့ကိုယ်ဟုတ်လို့... ဒီလိုနဲ့ရန်ကုန်မှာ ၂ ရက် လောက်နေပြီးတော အကိုကပြောတယ်“ဟေ့ကောင် သားငယ် ငါတို့ ဘော်ဒါတွေစုပြီး ကျိုက်ထီးရိုးသွားရအောင်တဲ့” ကဲစဉ်းစားသာကြည့် ကျွန်တော်ဆိုတဲကောင်က ရောက်ကတည်းက သွားချင်နေတဲ့ကောင် ရေကန်အသင့်ကြာအသင့်ပေါ့ဗျာ။ဒီလိုနဲ့ ဘော်ဒါတွေကို လိုက်ခေါ် လိုက်ပြောနဲ့ညနေ ၅ နာရီလောက်မှ ကားဂိတ်ကနေလက်မှတ်ချက်ချင်းဝယ်ပြီးတန်းဒိုးတာပေါ့... ကားပေါ် မှာလည်းကျွန်တော်တို့ အဖွဲ့ရဲ့အသံတွေချည်းပဲ... ဒီလိုနဲ့ကင်ပွန်းစခန်းကို ည ၁၁ နာရီမှရောက်တယ်လေ။ ဒီလိုနဲ့ ကားပေါ်ကဆင်း ကြ တာပေါ့... ဘော်ဒါတွေကလဲဒီညတော့တတ်ဖို့မဖြစ်နိုင်ဘူးတဲ့... အမှန်တော့ဘော်ဒါတွေထဲမှာ“သရဲ”ကြောက်တတ်တဲ့လူသုံးယောက်ပါတယ်လေ... အဲဒါနဲ့ တောင်ခြေရင်းက စားသောက်ဆိုင်တစ်ဆိုင်မှာထိုင်ရင်း စကားတွေပြောကြတာပေါ့.. ဒီလိုနဲ့ စကားပြောလာလိုက်တာ ညနှစ်နာရီထိုးသွားတယ်..အမှန်က တစ်ညလုံးစကားထိုင်ပြောဖို့ရည်ရွယ်ထားတာ...ဒါပေမဲ့ နှစ်နာရီလည်းကျော်ရော “သရဲကြောက်တတ်တဲ့သူငယ်ချင်းသုံးယောက်က အိပ်ချင်တယ်တဲ့” ဒါနဲ့ပဲ အိပ်ခန်းလေးတွေ ငှားလိုက်ကြရတာပေါ့ဗျာ... အဲ ဒါပေမဲ့ သူတို့သုံးယောက်ကလွဲ ရင်ကျန်တဲ့လူတွေကမအိပ်ချင်သေးဘူး... ဒီတော့ကျွန်တော်တို့ကစကားတွေထိုင်ပြော နေကြတာပေါ့ဗျာ.. အားလုံးကထင်တာကသူတို့သုံးယောက်အိပ်နေပြီပေါ့.. စကားကလည်းကောင်းနေတော့သူတို့ကိုသတိမထားလိုက်မိဘူး... ဒီလိုနဲ့စကားပြောလာလိုက်တာ သုံးနာရီထိုးသွားပါရော... ဒီတော့မှ အားလုံးကဗိုက်လည်းဆာတယ်..အပေါ့အပါးလေးလည်းသွားချင်ပါတယ်ပေါ့.. အဲ့ဒီကြမှကြည့်လိုက်တော အားပါးပါး .. ဟိုသုံးယောက်ဗျာ.. အပေါ်မှာသွားမအိပ်သေးပဲနဲ့ငုတ်တုတ်လေးတွေ.. အားလုံးကကြောင်သွားတာပေါ့.. ဒါနဲ့မေးကြည့်တာပေါ့ ဘာလို့မအိပ်ကြသေးတာလည်းလို့... အဲ့ဒီတော့ဘာပြန်ပြောတယ်မှတ်တုန်း “ငါတို့သရဲကြောက်လို့တတ်မအိပ်သေးတာတဲ့...သြော် ရှားပါတယ်... ဒါနဲ့ ကိုမင်းက ပြော ရော..ငါတို ရူးရူးသွားပေါက်မလို့ လိုက်မှာလားပေါ့.. သူတို့ကလည်း ဘယ်ကတည်းကအောင့်ထားတယ်မသိဘူး အောင်မလေးပေါက်ချင်နေတာကြာပြီတဲ့.. အဲ့ဒီလိုနဲ့သာယာသောအိမ်ကလေးကိုသွားကြတာပေါ့... သြော် သာယာသောအိမ်ကလေးဆိုတာအိမ်သာကိုပြောတာ... ဟီး... ဟိုရောက်တော့အိမ်သာကနှစ်လုံးပဲရှိတယ်... ဒါနဲ့ပဲ အိမ်သာ ဘေးကမြေလွတ်လေးတွေမှာ လွှတ်ကြတာပေါ့.. အဒီနားမှာက သစ်ပင်အကြီးကြီးရှိတယ်.. ကျွန်တော်၊ကိုမင်း၊(တေဇာ၊မဲကြီး၊ဖတ်တီး)ငါးယောက်လွှတ်ကြတာပေါ့... နောက်ဆုံးကသုံးယောက်က“သရဲ” ကြောက်တဲ့လူတွေလေ... ကျွန်တော်နဲ့ကိုမင်း ပေါက်ပြီးတဲ့အထိဟိုသုံးယောက်မပြီးဘူးဗျာ... ဘယ်လောက်အောင့်ထားတယ်ဆိုတာသာကြည့်.. ကျွန်တော်တို့ကပြီးတာနဲ့သွားဖို့လည်းပြင်ရော ဟိုသုံးယောက်က သူတို့ကြောက်လို့စောင့်ပါတဲ့... ဒါနဲ့ ကျွန်တော် ရယ် ကိုမင်းရယ် သူတို့ကို စချင်လာတယ်.. ဒါနဲ့ကျွန်တော်တို့ နှစ်ယောက်သစ်ပင်ပေါ်ကိုမော့်ကြည့်ပြီးမျက်လုံးကိုပြူးနိုင်သလောက်ပြူးလိုက်တယ် ကြောက်သွားပါတယ်ပေါ့လေ.. ဟိုသုံးယောက်ကမေးပါလေရော.. ဘာဖြစ်တာလည်းတဲ့.. ကျွန်တော်တို့နှစ်ယောက်လည်းပြိုင်တူအော်တာ.. “သရဲ” လို့.. ဟိုသုံးယောက်ခမျာ သေးတောင်ပြီးအောင်မပေါက်နိုင်ဘူးပြေးတာတန်းနေတာပဲ... သူတို့ဘောင်းဘီတွေဆိုလည်းသေးတွေရွှဲသွားလို့ ကျွန်တော်တို့ကတော့ရီရတာအူတောင်နာတယ်......သြော် ကျိုက်ထီးရိုးတောင်ခြေက လျှက်တပျှက်ဟာသလေးတခုပေါ့ဗျာ... ပြီးရင်တောင်ပေါ်ကအကြောင်းတွေရေးပါဦးမယ်။

ဘဝ

ငါ့ ဘေး ကခုံကိုငါမပိုင် မဆိုင်တဲ့ပစ္စည်းကိုင်မိတဲ့လက် မပိုင်တဲ့ဘ၀ကိုထိုင်ကြည့်လာတာဘ၀တလျှောက်လုံး မဆုံးတဲ့ ခရီးအဆုံးသတ်ကိုရှာကြည့်ဖို့ကျိုးစားတာလမ်းတ၀က်မှာမှောက်ရက်လဲ သွားခဲ့တယ်လေ.......

ညနေခင်း အလွမ်း

ညနေခင်းအလွမ်း ကိုလေညှင်းဆောင်
ပြောင်းသွားတဲ့ ရာသီတွေအလီလီ
အခါလွန်အလွမ်းတွေက ပိုဆဲ
သြော်...လွမ်းရတဲ့ညနေခင်း ကွယ်.......

ညနေ ခင်း

ညနေခင်း
ဆိုတဲ့ blog ကို စပြီး ရေးဖို့ကြံတော့ ငါ ဘာအကြောင်းရေးရင်ကောင်းမလဲလို့ စဉ်းစား တော့ဘာအကြောင်းရေးလို့ရေးရမှန်းကိုမသိတာ။သြော် ဒါ နဲ့ တွေးမိပါတယ် blog တခုရေးဖို့တော်တော်မလွယ်ပါလားလို့။ ကဲကျွန်တော်တော့အခုblog စရေးပြီဗျို့။ ကျေးဇူးပါ ကောင်မလေး။